ကျောက်ဆည် ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိုးပဲတီစိမ်းသီးနှံများကို ယာမြေများတွင် နေရာဒေသအလိုက် မေလလယ်မှဩဂုတ်လအလယ်ချိန်အထိ စိုက်ပျိုးလျက်ရှိရာ မှိုင်းပန်ကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပဲတီစိမ်းသီးနှံများ စိုက်ပျိုးရာ၌ အောင်မြင်ဖြစ်ထွန်းရေး သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများက ဒေသရာသီတုနှင့်ကိုက်ညီဖြစ်ထွန်းပြီး ရောဂါပိုးမွှားဒဏ်ခံနိုင်သည့် ဈေးကွက်ဝင်အထွက် ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးရေး၊ အပင်ပေါက်ရာခိုင်နှုန်း(၇၅-၈၅)ရှိသည့် မျိုးသန့်မျိုးစေ့များ ရွေးချယ်စိုက်ပျိုးရေး၊ မြေပြင်ချိန်မှစ၍ သွင်းအားစုများ စနစ်တကျထည့်သွင်းရေး၊ မြေအောင်းပိုးများနှင့် ပင်စည်ထိုးယင်များ ကာကွယ်နှိမ်နင်းရေး၊ ခူးဆွတ်ရိတ်သိမ်းရာ၌ သီးတောင့်များ အနက်ရောင်/အဝါရောင်ပြောင်းလဲချိန်တွင် ခူးဆွတ်နေလှန်၍ သန့်စင်ပြီး စနစ်တကျရိတ်သိမ်းရေး နည်းပညာများကို ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ပဲတီစိမ်းသီးနှံစိုက်ပျိုးရာ၌ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မစိုက်ပျိုးမီ စက်ထယ်ဖြင့် မြေပြုပြင်ခြင်း၊ မျိုးစေ့၊ နွားရှဉ်းဖြင့်လူလုပ်အားသုံးစိုက်ပျိုးခြင်း၊ ပိုးမွှားနှိမ်နှင်းကာကွယ်ဆေးဖြန်းခြင်း၊ ပင်ကြား/ တန်းကြားမြေဆွခြင်း၊ ပေါင်းမြတ်ရှင်းလင်းခြင်း၊ ပဲတီစိမ်းရိတ်သိမ်းချွေလှေ့ခြင်း စသည့်အထွေထွေ ကုန်စရိတ်သည် နေရာဒေသအလိုက် ငွေ(၃)သိန်း (၃)သောင်းမှ (၃)သိန်း(၆)သောထိ အမျိုးမျိုးရှိပြီး (၁)ဧက အနည်းဆုံး(၁၀)တင်း ထွက်ရှိပြီး ရောင်းဈေးအနေဖြင့် ပဲတီစိမ်း(၁)တင်း (၉)သောင်းကျပ်ဖြင့် ရောင်းချရပါက တစ်ဧကအမြတ်ငွေကျပ် (၅)သိန်းကျော်ရရှိကြောင်း ပဲတီစိမ်းစိုက်တောင်သူများထံမှသိရှိရပြီး သိရသည်။
သက်မောင်(ကျောက်ဆည်)