မောက်မယ်မြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်များခွဲခြားစွန့်ပစ်မှုစနစ် သရုပ်ပြခြင်း ဆောင်ရွက်

မောက်မယ် ဇူလိုင် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စျေးတန်း၌ ယနေ့နံနက် ၁၀ နာရီက ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်များခွဲခြားစွန့်ပစ်မှုစနစ်သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝိုဆိုင်က ပလတ်စတစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြသည့် အကြောင်းအရင်းများ၊ ပလတ်စတစ်သုံးစွဲမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရန်နည်းလမ်းများ၊ ကျောင်းသား/ကျောင်းသူများအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် အမှိုက်များခွဲခြားစွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလပ်စတစ်အမှိုက်၊ အန္တရာယ်ရှိသောအမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး  ကျောင်းတွင်းအမှိုက်ပုံးများ စနစ်တကျထားရှိပေးရေးနှင့် ကျောင်းသား/ကျောင်းသူများမှလည်း အမှိုက်များကို အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်ရေးအားရှင်းလင်းပြောကြားပြီး သရုပ်ပြခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)