တာချီလိတ် ဇူလိုင် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေပြန်လည်ကျဆင်းသွားသည့် မြို့ပေါ်ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မယ်ဆိုင်ချောင်းရေကြီးရေလျှံမှုကြောင့် ဇူလိုင် ၂၈ ရက်နံနက်ပိုင်းက စိုးရိမ်ရေမှတ်အထက် ၆ ပေကျော်ရောက်ရှိကာ မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာမှ နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းသွားပြီး ရေပြန်လည်ကျဆင်းသွားသည့် ရပ်ကွက်နှင့်လမ်းများတွင် စည်ပင်သာယာရေးဌာနဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများစုပေါင်း၍ ရွှံ့နွံနှင့်အမှိုက်သရိုက်များကို ဖယ်ရှားရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)