ဒေးဒရဲမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် မိုးစပါးစိုက်လယ်မြေများ သွင်းအားစုများဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စပါးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် မိုးစပါးစိုက်ဧကများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် သွင်းအားစု ဓာတ်မြေ သြဇာများ ဖြန့်ဖြူးပေးလျက်ရှိသည့်လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီက မြို့နယ်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၁)ရပ်ကွက်တောင်သူ ဦးအုန်းကျော်၏နေအိမ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ငပု‌တောမြို့ မြောက်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်တွင် အပတ်စဥ် တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက် အကူပြုစေရန် ပြည်သူများ ပလတ်စတစ်အိတ် သုံးစွဲမှုလျော့နည်းစေရေးအတွက် အပတ်စဥ် တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း ပလတ်စတစ်အိတ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံကိန်းရန်ပုံငွေ လွှဲ ပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉  နာရီအချိန်ခန့်က အဆိုပါကျေးလက်ဦးစီးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် ကျီတော်ကုန်း အ‌ခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မြစ်သားမြို့နယ် ကျီတော်ကုန်း အ‌ခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ မြစ်သား ဇူလိုင် ၃၀ ရဲနိုင်ဦး(မြစ်သား)

သာစည်မြို့နယ် ကုက္ကိုစုကျေးရွာ၌ (၁၀) တန်းသွား မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့တွင် ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုလာစေရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်လာစေရန်နှင့် လုပ်သားရှားပါးမှုပြဿနာများအား ကျော်လွှားနိုင်စေရန် ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၂၆) စက်မှု လယ်ယာစခန်းက Kubota ကောက်စိုက်စက်နှင့်တွဲဖက်အသုံးပြုသည့် (၁၀)တန်းသွား မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဇူလိုင် ၃၀ ရက်နံနက် ၉ နာရီခွဲက ကုက္ကိုစုကျေးရွာ ကွင်းအမှတ် ၁၈၇၃ ဦးပိုင်အမှတ် ၈၀/၁ တောင်သူဦးထင်အောင်၏ လယ်မြေနှစ်ဧက၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်သူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အထက်တန်ခွန်တိုင်ကျေးရွာအုပ်စု၊ မန်ကျီးကုန်းကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to