လဲချား ဇူလိုင် ၃၀
မိုးရာသီကာလရောက်ရှိလာသည်နှင့်အမျှ လဲချားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရေး၊ ဝမ်းပျက်ဝမ်းလျောရောဂါမဖြစ်ပွားစေရေးတို့အတွက် ယနေ့ နံနက် ၈ နာရီက အမှတ်(၁)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လဲချားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇင်မောင်နွယ်နှင့် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များပူးပေါင်း၍ ရပ်ကွက်တွင်းရှိနေအိမ်များသို့ ဖုန်း၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)