ပိုင်ကျုံမြို့တွင် စားသုံးရန်မသင့်သည့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများရောင်းချမှုမရှိစေရေးကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ စားသုံးသူပြည်သူများအကာအကွယ်ပေးရေးအတွက် စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများနှင့် သုံးစွဲရန်မသင့်သည့် လူသုံးကုန်ပစ္စည်းများ ရောင်းချမှုမရှိရေး ပိုင်ကျုံမြို့ ဌာနဆိုင်ရာ၀န်ထမ်းများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ကိုဗစ် - ၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ ငါးသားပေါက်များကို တတိယအကြိမ်ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ တတိယအကြိမ် ငါးသားပေါက်များထောက်ပံ့ပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက သင်ပုတ်ကျေးရွာအုပ်စု၊ တံတားဦးလေးကျေးရွာ အခြေခံပညာကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ဥပဒေအထောက်အကူပေးရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ယနေ့ နံနက် က ချောင်းဆုံမြို့နယ်တရားရုံး၊ ချောင်းဆုံမြို့မရဲစခန်းနှင့် လူစည်ကားရာ နေရာများတွင် မွန် ပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဝင် ဦးစစ်ရန်နှင့်တာတန်ရှိသူများ၊ မြို့နယ် ဥပဒေ ဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မိသန်းသန်းမွန်နှင့် အဖွဲ့ဝင်များ က ဥပဒေ အထောက်အကူပေးရေးနှင့် သက်ဆိုင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။

အုတ်ဖိုတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ထုတ်ကုန်လုံခြုံ စိတ်ချနိုင်စေရန် ရည်ရွယ်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း ဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ နေ့လယ် ၂ နာရီအချိန် က ဆောင်ရွက်ခဲ့သည်။

ဒိုက်ဦးတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တစ်အိမ်ထောင် လျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ဒုတိယအကြိမ်ထောက်ပံ့ ပေးခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ကရင်ပြည်နယ်လွှတ်တော် ဘဏ္ဍာစိစစ်ရေးကော်မတီဥက္ကဋ္ဌမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သောလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများအား ကရင်ပြည်နယ်လွှတ်တော် ဘဏ္ဍာစိစစ်အကြံပြုရေး ကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်အောင်နှင့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ် -၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို လှည်းတန်းလမ်း၊ အင်းစိန်လမ်း၊ ပြည်လမ်း၊ လှည်းတန်း Center ၊ လှည်းတန်းဈေး လူစည်ကားနေရာများတွင် ယနေ့နံနက် (၁၀:၀၀) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်၌ အမှတ်(၆)ရပ်ကွက် အုတ်ရေမြောင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၌ မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ အမှတ်(၆)ရပ်ကွက် ဆီစက်လမ်း (တရားရုံးရှေ့) အုတ်ရေမြောင်းအသစ် ပြုလုပ်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

မန္တလေးခရိုင် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးခရိုင် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မန္တလေးမြို့၊ လမ်း (၃၀) ရှိ မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး၊ လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ် လွှတ်တော်ဉက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးတို့ တက်ရောက်ခဲ့ကြသည်။
Subscribe to