ကမာရွတ်မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်

ကမာရွတ် ဩဂုတ် ၂၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ် -၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို လှည်းတန်းလမ်း၊ အင်းစိန် လမ်း၊ ပြည်လမ်း၊ လှည်းတန်း Center ၊ လှည်းတန်းဈေး လူစည်ကားနေရာများတွင် ယနေ့နံနက် (၁၀:၀၀) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ကို မြို့နယ် COVID-19 ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များ စုစုပေါင်းအင်အား(၁၀၀)ဦးခန့်မှ နေရာများခွဲဝေ၍ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများ (Masks-၁၀၀၀၀) အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လူစုလူဝေးနေရာများအား ရှောင်ကျဉ်၍ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း Mask ကို မဖြစ်မနေ တပ်ဆင်ပြီးမှသာ ထွက်ခွာသွားလာကြရန် အသိပညာပေးအနေဖြင့် Mask Campaign ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်မှုများနှင့် အညီ နေထိုင်သွား လာစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်း စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေး လျက်ရှိကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)