ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကျောင်းသား လူငယ်လူရွယ်များ စာပေဗဟုသုတ တိုးပွားစေရန်နှင့် ပြည်သူ့စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

မိုင်းပန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြို့နယ်စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက္ဖက်ရည်ဆိုင်များနှင့် တည်းခိုခန်း များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များနှင့် စည်ပင်သာယာရေးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိကို ယနေ့နံနက် (၉) နာရီအချိန် က စစ်ဆေးခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ် ကြို့ကုန်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)လွှဲပြောင်းပေးအပ်

ကိုဗစ်-၁၉ စီပွားရေးကုစားမှုအစီအစဉ်အရ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကြို့ကုန်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်(၁၁)နာရီက ကြို့ကုန်းကျေးရွာ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း Cash for Work စီမံကိန်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash for Work စီမံကိန်းဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ် ၊ မြောက်ထီဗွာကျေးရွာအုပ်စု တကူမို့ကျေးရွာအတွင်း လမ်းခင်းခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

မြန်အောင်မြို့ နေခြည်ဈေးအတွင်းနှင့် မြို့ပေါ်ရှိစားသောက်ဆိုင်များ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် မြို့နယ်အတွင်း သွားလာသူများ နှာခေါင်းစည်း Mask တပ်ဆင်ရန် စစ်ဆေး

မြန်အောင်မြို့နယ် အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချိုချို ဦးဆောင်၍ မြန်အောင်မြို့ နေခြည်ဈေးအတွင်း ဈေးရောင်း/ဈေးဝယ်များနှင့် မြို့ပေါ်ရှိစားသောက်ဆိုင်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် မြို့နယ်အတွင်း သွားလာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများ ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်၌ ကိုဗစ်−၁၉ကုစားမှု အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ ငွေများပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ကုစားမှုအစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟိုပန်မြို့၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၈/၂၀၂၀)ကို ယနေ့နံနက်(၁၀)နာရီအချိန် က ဟိုပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖယ်ခုံမြို့နယ်၌ဓာတ်အားစနစ်ပိုမိုကောင်းမွန်စေရေးထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ လျှပ်စစ်ဓာတ်အားစနစ် ပိုမို ကောင်းမွန်စေရေး နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အင်ဂျန်းယန်မြို့၌ အသက်(၆)လမှ အသက်(၅)နှစ်အောက်ကလေးများအား Vitamin A နှင့် သန်ချဆေး တိုက်ကျွေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသက်(၆)လမှ (၅)နှစ်အောက်ကလေးများအား Vitamin A နှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to