ကမာရွတ်မြို့နယ်၌ အမှတ်(၆)ရပ်ကွက် အုတ်ရေမြောင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ကမာရွတ် ဩဂုတ် ၂၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၌ မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက် များ ပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ အမှတ်(၆)ရပ်ကွက် ဆီစက်လမ်း (တရားရုံးရှေ့) အုတ်ရေမြောင်းအသစ် ပြုလုပ်နေမှုအား တာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အုတ်ရေမြောင်း ဆောင်ရွက်ခြင်းလုပ်ငန်းကို အမှတ်(၆)ရပ်ကွက်၊ ဆီစက်လမ်းအား(၂၄၀’ ×၂’ ×  ၂’-၆”) (၄၁’ ×၃’ ×၃’) Culvert ဆောင်ရွက်ခြင်း လုပ်ငန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးခရိုင် အင်ဂျီနီ ယာ ဦးစိုင်းမြင့်သန်းဦး (လက်ထောက် ညွှန်ကြား ရေးမှူး)၊ မြို့နယ်အင်ဂျင်နီယာ ဒေါ်အေးအေးပိုင်နှင့် လုပ်ငန်းတာဝန်ခံ ဦးစိုင်းမြင့်သန်းဦး (လက်ထောက် ညွှန်ကြားရေးမှူး) တို့မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ အုတ်ရေမြောင်း ဆောင်ရွက်နေခြင်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်ခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စိမ်းလဲ့(ပြန်/ဆက်)