မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ဥပဒေအထောက်အကူပေးရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေ

ချောင်းဆုံ ဩဂုတ်၂၅

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ယနေ့ နံနက် က ချောင်းဆုံမြို့နယ်တရားရုံး၊ ချောင်းဆုံမြို့မရဲစခန်းနှင့် လူစည်ကားရာနေရာများတွင် မွန်ပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဝင် ဦးစစ်ရန်နှင့်တာတန်ရှိသူများ၊ မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မိသန်းသန်းမွန်နှင့် အဖွဲ့ဝင်များ က ဥပဒေ အထောက်အကူပေးရေးနှင့်  သက်ဆိုင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။

အဆိုပါလက်ကမ်းစာစောင်တွင် ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်ရှိ သူများအား ဥပဒေ နှင့်အညီ ရှေ့နေငှားရမ်းခြင်း၊ ဥပဒေဆိုင်ရာအသိပညာပေးခြင်း၊ အကြံပေးခြင်း၊ အကူအညီ ပေးခြင်းနှင့် သတင်းအချက်အလက် ပေးခြင်းတို့ကို မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့မှ ဥပဒေနှင့် ပတ်သက်သည်များကို ဆောင်ရွက်ပေး မည်ဖြစ်ပြီး ဥပဒေနှင့် ပတ်သက်၍ ဆက်သွယ်ရမည့် ဖုန်းနံပါတ်မှာ ၀၉၅၃၂၂၄၀၊ ၀၉၂၆၄၃၀၂၉၅၇၊ ၀၉၈၇၀၃၇၅၄ သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။

ထူးအိမ်(ပြန်/ဆက်)