ဘုတလင်မြို့တွင် သုံးမွှာပူး ကလေးမိခင်အား ထောက်ပံ့ငွေနှင့် ကလေးသုံး အဝတ်အစားများ ထောက်ပံ့ပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် သုံးမွှာပူး ကလေးများ မွေးဖွားခဲ့သည့် မိခင်အား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့် အဖွဲ့ဝင်များ က ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်က ထောက်ပံ့ငွေနှင့် ကလေးသုံး အဝတ်အစားများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။