နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကာကွယ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့နံနက်ပိုင်း က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့အဝင်၊ အောင်ပန်း-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးတလျှောက် ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များနှင့် အိမ်သုံးယာဉ်များတွင် လိုက်ပါစီးနှင်းသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးနှာခေါင်းစည်းများ စနစ်တကျတပ်ဆင်အသုံးပြုကြစေရန် အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်ဒုံမြို့တွင်လူကုန်ကူးမှုအန္တရာယ် အသိပညာပေးမြေစိုက်နံရံကပ်ပြဘုတ်များ ပြသ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားကြောင်း သိရသည်၊

ကျိုက်လတ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက်(၁၁)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာရာတွင် ဖြည့်စွက်ရန် လျှောက်ထားသူဦးရေထက် ကန့်ကွက်လွှာတင်သွင်းသူဦးရေနည်းနေခြင်းကြောင့် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမှုတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုးလာနိုင်

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တိုင်းဒေသကြီးအတွင်း ဆန္ဒမဲပေးခွင့်ရှိသူမဲစာရင်းများကို ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၁၄ ရက်ထိ ထုတ်ပြန်ကြေညာခဲ့ရာ ဖြည့်စွက်ရန်တောင်းဆိုသူ တစ်သိန်းလေးသောင်း ခြောက်ထောင်ကျော်ရှိပြီး ကန့်ကွက်လွှာတင်သူ သုံးသောင်းလေးထောင်ကျော်သာရှိခြင်းကြောင့် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခဲ့သည့် မဲပေးခွင့်ရှိသူ (၄,၅၇၈,၈၁၃) ဦးထက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမှုတွင် တိုးလာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

မိုးညှင်းခရိုင်အတွင်း ၂၀၂၀-၂၀၂၁ မိုးစပါးစိုက်ပျိုးရာသီတွင် ဆင်းဧကရီ-၃ စပါးမျိုး ၁၄၀၉၄၉ ဧက စိုက်ပျိုးထားရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ၂၀၂၀-၂၀၂၁ မိုးစပါးစိုက်ပျိုးရာသီတွင် ဇူလိုင်လကုန်အထိ ကောက်ယူရရှိသည့် စပါးစိုက်ဧကပေါင်း ၁၇၆၉၇၀ တွင် ဆင်းဧကရီ-၃ စပါးမျိုးကို ၁၄၀၉၄၉ ဧကဖြင့် အများဆုံး စိုက်ပျိုးထားရှိကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ စာရင်းဇယားများအရ သိရသည်။

ဒေါ့ဖုန်းယန်မြို့တွင် (၂၀၂၀)ပြည့်နှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် (၂၀၂၀ )ပြည့်နှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် အဖြစ် ကျန်းမာရေး အသိပညာပေးခြင်းများကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိသည်။

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အထက် ၂၃ စင်တီမီတာကျော်နေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီ မြစ်ရေမှတ်သည် ၂၁၃၆ မီတာသို့ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ၁၆ စင်တီမီတာ ကျော်လွန်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ငရုတ်ကောင်းမြို့တွင် ကမ်းလွန်လုပ်ကွက် A-6 ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကမ်းလွန်လုပ်ကွက် A-6 ရှိ သဘာဝ ဓာတ်ငွေ့ စီမံကိန်းလုပ်ငန်းနှင့်ပတ်သတ်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

လေးမျက်နှာမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လေးမျက်နှာမြို့ ဗိုလ်ချုပ်လမ်းဆုံ စစ်‌ဆေးရေးဂိတ်၌ အဆိုပါ လုပ်ငန်းများအား ပူး‌ပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Subscribe to