ဒိုက်ဦး သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တစ်အိမ်ထောင် လျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ဒုတိယအကြိမ်ထောက်ပံ့ ပေးခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းက မြို့ပေါ် (၉) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၃)အုပ်စုမှ စုစုပေါင်း အိမ်ထောင်စု ၂၂၂၁၂ စု အား ကျပ်(လေးထောင့်လေးရာလေးဆယ့် နှစ်သိန်းနှစ်သောင်း)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက တစ်ဆင့် ပြည်သူများထံအရောက် ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)