မန္တလေးခရိုင် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေး ဩဂုတ် ၂၅

မန္တလေးခရိုင် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မန္တလေးမြို့၊ လမ်း (၃၀) ရှိ မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်သည်။

ရှေးဦးစွာ မန္တလေးခရိုင်လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး (ကိုယ်စား) ဒုတိယ ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အတွင်းရေး မှူး ကိုလင်းသီဟက  လူငယ်ရေးရာ မူဝါဒများ၊ ကော်မတီ၏ ဆောင်ရွက်ချက်များ၊ ခရိုင် ကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။ ထို့နောက် ခရိုင်လူငယ်ရေးရာ ကော်မတီ အတွင်းရေးမှူး မအိပြည့်စုံက မန္တလေးခရိုင် လူငယ်ရေးရာကော်မတီ၏ ဆောင်ရွက်ချက်များနှင့် ခရိုင်အတွင်းရှိ မြို့နယ်များတွင် လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းနိုင်ရေးတို့အား ဆွေးနွေးပြောကြားသည်။ ၎င်းနောက် တက်ရောက်လာကြသူများက လူငယ်ရေးရာလုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးပြောကြားကာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က နိဂုးချုပ်စကားပြောကြားသည်။

အစည်းအဝေးသို့ ခရိုင်ကော်မတီဒုတိယဥက္ကဋ္ဌ တိုင်းဒေသကကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းနှင့် ကော်မတီဝင်ဌာနဆိုင်ရာများ၊  ကော်မတီဝင် လူငယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)