ရှမ်းရွာသစ် ဩဂုတ် ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများအား ကရင်ပြည်နယ်လွှတ်တော် ဘဏ္ဍာစိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်အောင်နှင့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့လာရောက်ကြည့်ရှုစစ်ဆေးရာတွင် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် (၈၉ဒသမ၂၄၆) သန်းဖြင့် စတီးစတုန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သော ရှမ်းရွာသစ် - လေးဝါးလမ်း ထပ်ပိုးကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် ခွင့်ပြုရန်ပုံငွေကျပ်သန်း (၂၄၇ဒသမ၁၇၉) ဖြင့် ရှမ်းရွာသစ် - လေးဝါးလမ်း အကျယ်(၁၂)ပေ၊ ထု (၁၂) လက်မရှိ အမာခံလမ်းပုခုံးကျောက်ခင်းခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သောလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းပြီး ဆက် လက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ဝေဠု(ပြန်/ဆက်)