အုတ်ဖို သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ထုတ်ကုန်လုံခြုံ စိတ်ချနိုင်စေရန် ရည်ရွယ်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း ဆိုင်ရာ ရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့ နေ့လယ် ၂ နာရီအချိန် က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်သိန်း က စားသုံးသူများ၊ ထုတ်လုပ်သူ များနှင့် လုပ်ငန်းရှင်များအတွက် ကာကွယ်နိုင်ရန် စားသုံးသူကာကွယ် ရေးဥပဒေ အခန်း(၁၈)ပါ ကုန်းအညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပုဒ်မ (၄၁)၊ ပုဒ်မ(၄၂)၊ ပုဒ်မ(၄၃)တို့အား ရှင်းလင်းပြောကြား ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲ တာဝန်ခံ ဦးသန်းစိုးမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ကုန်စည်တွင် ပါဝင် သည့် ကုန်ကြမ်းပစ္စည်းအမျိုးအစား၏ ပမာဏ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ၊ ကြိုတင်သတိပေးချက်များနှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် သိသာ ထင်ရှားစွာ ရိုက်နှိပ်ဖော်ပြရန်တို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာတာဝန်ခံ ဦးအေးဇော်ထိုက်မှ စျေးကွက်စောင့် ကြည့်စစ်ဆေး ခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်း ဆွေးနွေးရာ ဦးသန်းစိုးမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)