ငဖဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင် သွားလာခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈)နာရီ အချိန်က ငဖဲမြို့ ကျောင်းတွင်း ရပ်ကွက် မန်ကျည်းပင် လမ်းဆုံနေရာ၌ ဆောင်ရွက်ခဲ့သည်။