ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကမ္ဘာ့နိုင်ငံများ၌သာမက မြန်မာနိုင်ငံတွင်ပါ ကူးစက်ပြန့်ပွားလာသော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီ တော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ခြင်းကို မတ်လ ၂၈ ရက်မှ စတင်ကာ ဘုရားဖူးမြော်ခွင့် ယာယီပိတ်ထားခဲ့ပါသည်။

ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ်ရှိ Facility Quarantine ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ဓာတ်ခွဲနမူနာများရယူ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ နည်းပညာတက္ကသိုလ် အနော်ရထာ အဆောင်တွင် Facility Quarantine ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ဓာတ်ခွဲ နမူနာများယူဆောင်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက သွားရောက်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ်ရှိ Facility Quarantine ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ဓာတ်ခွဲနမူနာများရယူ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ နည်းပညာတက္ကသိုလ် အနော်ရထာ အဆောင်တွင် Facility Quarantine ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ဓာတ်ခွဲ နမူနာများယူဆောင်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက သွားရောက်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို သြဂုတ်၂၅ ရက် နံနက်၉ နာရီက ရွာသာကုန်းကျေးရွာရှိ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း၌ ကျင်းပပြုလုပ်သည်။

မိုင်းရှူးမြို့၌ Covid-19 ရောဂါကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့၌ Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညက ပြုလုပ်ခဲ့သည်။

ကောလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ စာရေးဆရာ ဒေါက်တာ ဖေမြင့်၏ "တန်ဖိုးထားအပ်သောအရာများ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်က ကျင်းပခဲ့ရာ ကောလင်းမြို့နယ် စာပေဝါသနာရှင်အသင်းမှ ၂၁ ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်လျင်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကေရစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်)၌ ရန်ကုန်တိုင်းဒေသကြီး ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (ခရိုင်တာဝန်ခံ)နှင့် ရန်ကုန်တောင်ပိုင်းခရိုင် ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ များ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် တိုင်းရင်းကြက်မွေးမြူထုတ်လုပ်မှုသင်တန်း ဒုတိယအကြိမ်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ နတ်မောက်မြို့နယ်တွင် တိုင်းရင်း ကြက်မွေးမြူ ထုတ်လုပ်မှု သင်တန်း ဒုတိယအကြိမ်ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီက အင်းကုန်း ကျေးရွာ၊ကန်စွယ်ကျောင်းတိုက်တွင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၆ ရွာတွင် Cash For Work စီမံကိန်းဖြင့် ရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်

Covid-19 Economic Relief Plan (CERP) အစီအစဉ်အရ ဆင်းရဲသောမိသားစုများ ဝင်ငွေလျော့ နည်းလာမှုနှင့် စီးပွားရေးခက်ခဲလာမှုများကို ကုစားပေးနိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash For Work စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျှက်ရှိရာ စစ်ကိုင်း တိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ရှိ ကျေးရွာ(၆)ရွာတွင် အဆိုပါ စီမံကိန်းထောက်ပံ့ငွေဖြင့် ရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆိုင်ထိုင်ရောင်းချခွင့်ပြုထားသည့် စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်းများ နှင့်အညီ ရောင်းချရန် အသိပေးဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ရောင်းချရန်အတွက် ဩဂုတ်လ (၂၄)ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ် အသိပညာပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Subscribe to