ရေစကြို သြဂုတ် ၂၆
ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူ များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဝါယာ-သာစည်လျှပ်စစ် မြစ်ရေတင်လုပ်ငန်း ပင်မရေတင်ရှင်းလင်းဆောင်၌ ကျင်းပသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန(နေပြည်တော်) ဒုတိညွှန်ကြားရေးမှူး ချုပ် ဦးအေးကိုကို က မိုးစပါးစိုက် ဧက ၁ ဧကလျှင် မျိုးစေ့ဖိုး ၈၅၀ဝိ/- ကျပ်၊ စိုက်ပျိုးစရိတ် ၇၅၀၀ဝိ/- ကျပ်နှင့် စုစုပေါင်း မိုးစပါး စိုက်ဧက ၂၃ဒသမ၅ ဧကအတွက် ငွေကျပ် ၁,၉၆၂,၂၅ဝိ/- ကိုတောင်သူတစ်ဦးချင်းအား ပေးအပ်သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ဌေးက နိုင်ငံတော်က ထောက် ပံ့ငွေပေးအပ်ခြင်းအတွက် မိုးစပါးမျိုးစေ့ထုတ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးဇေယျာဝင်း က ဝါယာ- သာစည်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းပင်မမိုးစပါးစိုက်ဧက ၂၄၀၀ ဧကရှိပြီး တိုးချဲ့မိုးစပါး စိုက်ဧက ၃၀၀ ဧကရှိကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန (နေပြည်တော်) ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးအေးကိုကို၊ မကွေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးချိုနိုင်ထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန ပခုက္ကူခရိုင် ဦးစီးမှူး ဦးရန်နိုင်ဝင်းတို့သည်ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်း၊ ရေစကြိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ဌေး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇေယျာဝင်းတို့နှင့်အတူ ဝါယာ-သာစည်လျှပ် စစ်မြစ်ရေတင်ရေ ပေးဝေမှုအခြေအနေများ၊ ကျေးရွာအသစ် စီမံကိန်းဆောင်ရွက်မည့်လက်ပံပင်ကျေးရွာသို့ ကွင်းဆင်းလေ့လာကြည့်ရှုခြင်း၊ CERP အစီအစဉ်အရ စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်းများကွင်းဆင်းစစ်ဆေးခြင်း၊ SAEM (မြန်မာ့စိုက်ပျိုးပညာပေးရေး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်း)အစီအစဉ်အရ ဆောင်ရွက်ထားရှိသည့် ကံပွင့်မိသားစုဓာတုလွတ်ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးခြံတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
နွယ်နွယ်အောင်( ပြန်/ဆက်)