သာပေါင်းမြို့နယ်အတွင်း သဘာဝဘေး ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးသီးနှံ (၁၈၅)ဧက ပျက်စီးခဲ့သည့် တောင်သူများအား ထောက်ပံ့ပေးအပ်

သာပေါင်း  ဩဂုတ်

သာပေါင်းမြို့နယ်အတွင်း သဘာဝဘေးရေကြီးနစ်မြုပ်မှု့ကြောင့် မိုးစပါးသီးနှံ(၁၈၅)ဧက ပျက်စီးဆုံးရှုံးခဲ့ရသည့် တောင်သူ များအတွက် တစ်ဧကလျှင် (၁ဝဝဝဝ) ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းကို အမှတ်()ရပ်ကွက်၊ ဘောလုံးကွင်းလမ်း၊ စိုက်ပျိုးရေးရုံး၌ မန်နေ့ နံနက် ၁၁ နာရီအချိန် က ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးသန့်ဇင်မှ မကျည်းကုန်းကုန်း ကျေးရွာအုပ်စုမှ မိုးစပါးစိုက်တောင်သူ (၁၁)ဦး၏ စိုက်ပျိုးပျက်စီးဧက (၁ဝ၅)၊ ဒည်ကုန်းကျေးရွာအုပ်စုမှ မိုးစပါးစိုက်တောင်သူ (၂၇)ဦး၏ စိုက်ပျိုးပျက်စီးဧက (၈ဝ)တို့အတွက် တစ်ဧက(၁ဝဝဝဝ)နှုန်းဖြင့် စုစုပေါင်း (၁၈၅ဝဝဝဝ)ကျပ်တို့အား တာဝန်ရှိသူများက အသီးသီး ပေးအပ်ထောက်ပံ့ ခဲ့ကြသည်။

ထို့နောက် မကျည်းကုန်းကျေးရွာ၊ မိုးစပါးစိုက်တောင်သူ ဦးတင့်လွင် မှ ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်းသာပေါင်း(ပြန်/ဆက်)