ဘီးလင်း ဩဂုတ် ၂၆
၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲကော်မရှင် အောင်မြင်စွာကျင်းပနိုင်ရေး၊ ပြည်သူများမဲပေးပိုင်ခွင့် မဆုံးရှုံး စေရေးနှင့်မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ကျရပ်ကွက်၊ကျေးရွာများသို့ သွားရောက်ကာ အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများသည် ရပ်ကွက်၊ကျေးရွာရွေးကောက်ပွဲ ကော်ရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ နှင့်အတူကျေးရွာများအတွင်း အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း ကွင်းဆင်း ၍ မဲဆန္ဒရှင်စာရင်းပါ အချက်အလက်များ ပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး၊ မဲစာရင်းတွင် မပါဝင်သင့် သူများမပါရှိရေးတို့ အတွက် မဲစာရင်းတွင်ပါရှိသောအချက်အလက်များနှင့် အိမ်ထောင်စု ဇယားပါအချက်အလက်များတိုက်ဆိုင်စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက် လျက်ရှိ သည်။
ဘီးလင်းမြို့နယ်တွင် ရပ်ကွက်၅ခု ကျေးရွာအုပ်စု ၅၁အုပ်စု၌မဲပေးပိုင်ခွင့်ရှိသူ ၁၄၄၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၈၃ ရုံ ဖွင့်လှစ်ရန် လျာထားကြောင်း သိရသည်။
ထူးနောင်(ပြန်/ဆက်)