ကျိုက်ထို ဩဂုတ် ၂၆
မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်လမ်းညွှန်မှုဖြင့် အာရှဖေါင်ဒေးရှင်းအဖွဲ့မှကျိုက်ထိုမြို့နယ်၌ Location Data collection and Gis TrainIng နှင့် Covid အကြပ်အတည်းကာလအတွင်း ဆက်သွယ် ပြန်ကြားရေး သင်တန်းကို ယမန်နေ့ နံနက် ၉နာရီတွင် မြို့နယ် သာသနာ့ ဗိမာန်၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဒေါ်ဇင်ဇင်သွယ်Senior Progrom Officerကအာရှဖေါင်ဒေးရှင်းက အာရှ ဖေါင်ဒေးရှင်း သည် အမေရိကန်အခြေစိုက်အစိုးရမဟုတ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းဖြစ်ပြီး စီမံကိန်းများစွာ ထဲမှမြို့ပြဘေးကင်းရေး စီမံချက်ကိုတောင်ကြီးမြို့နယ်၊ ဘားအံမြို့နယ် ၊လှိုင်သာယာ မြို့နယ်နှင့် ကျိုက်ထို မြို့နယ်တို့တွင်အကောင်အထည်ဖေါ် ဆောင်ရွက်လျှက်ရှိပြီး လတ်တလောရင်ဆိုင်ကြုံတွေ့နေရသော Covid-19 ကမ္ဘာ့ကပ်ရောဂါနှင့် ပတ်သက်၍မြို့နယ်အဆင့် Covid-19 ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၀င်များ အားနည်းပညာအကူအညီများ အထောက်အပံ့ပေးရန်နှင့်တည် နေရာသတင်း အချက်အလက် ကောက်ယူခြင်းနှင့် ပထဝီဝင်သတင်းအချက်အလက် နည်းပညာ ဆိုင်ရာသင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားပြီးတက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲ များနှင့်ဝန်ထမ်းများ က တစ်ဦးချင်းမိတ်ဆက်စကားပြောကြားခဲ့သည်။ ယင်းနောက် ဦးပြည့်ဖြိုးကျော် (GIS Specialist)၊ ဦးထွန်းသက်အောင် (GIS Specialist )နှင့် ဒေါ်ဇင်ဇင်သွယ်(Senior Progrom Officer)တို့က ကျိုက်ထို မြို့နယ်တွင် Covid-19 ကာကွယ် ထိန်းချုပ်ကုသရေးအချက်အလက်များအပေါ် အခြေခံပြီး လိုအပ် သော မြေပုံ ထုတ်လုပ်နိုင်ရန် သင်တန်းသူ သင်တန်းသား(၃၃)ဦးကို စာတွေ့လက်တွေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီ ထိ (၃)ရက်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)