ငဖဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး ဆောင်ရွက်

ငဖဲ ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင် သွားလာခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈)နာရီ အချိန်က ငဖဲမြို့ ကျောင်းတွင်း ရပ်ကွက် မန်ကျည်းပင် လမ်းဆုံနေရာ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်နိုင် နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးနိုင်လင်းဦးနှင့်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ နှာခေါင်း စည်းMask တပ်ဆင်သွားလာခြင်းမရှိသော လမ်းသွားလမ်းလာနှင့် ခရီးသွားပြည်သူများအား အပြင်ထွက် တိုင်း မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်ပြီးသွားလာရန် အသိပညာ ပေးခြင်း၊နှာခေါင်းစည်း Mask မတပ်သူများအား တစ်ဦးလျင် နှာခေါင်းစည်းနှစ်ခု ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ဒဏ်ရိုက်အရေးယူခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မယု(ငဖဲ)