မောက်မယ် ဩဂုတ် ၂၆
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဟိန်းလင်းထိုက်မှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မောက်မယ်မြိုးနယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ လိုက်နာနိုင်ရန် ယမန်နေ့ ညနေ ၆ နာရီက အသိပေးနှိုးဆော်ခြင်များကို ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ အသိပေးလှည့်လည်နှိုးဆော်ရာတွင် ဒေသခံပြည်သူများအနေဖြင့် COVID-19- ရောဂါ နိုင်ငံတစ်ဝမ်းတွင် မပြန်နှံ့စေရေး အတွက် လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ မသွားကြပါရန် ၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ မှ နေထိုင်ပြောဆို ဆက်ဆံကြပါရန် ၊ အပြင်ထွက်သည့်အခါတိုင်း နှားခေါင်းစည်း ( Mask ) များကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန် ၊ မကြာခဏ လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် ဆေးကြောကြပါရန် ၊ စျေးဆိုင်များ ၊ လက်ဖက်ရည်ဆိုင်များ ၊ စားသောက်ဆိုင်များအနေဖြင့် သတ်မှတ်ထားသော စည်းကမ်း ချက်များ နှင့်အညီ စနစ်တကျဖွင့်လှစ် ရောင်းချကြရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့် ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် ကြပါရန် စသည်များကို အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
မောက်မယ်(ပြန်/ဆက်)