လင်းခေး ဩဂုတ်၂၆
သံလွင်မြစ်ရေကြီးမှုကြောင့် လင်းခေးမြို့နယ် တာဆွတ်တိန်းကျေးရွာရေဘေးသင့်ခံရသည့် ပြည်သူ(၁ဝ၄)ဦး အတွက် ရှမ်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ တစ်ကိုယ်ရည်သုံးပစ္စည်းများကို လင်းခေးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူတို့က အဆိုပါ ကျေးရွာသို့ ယမန်နေ့က ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းပေးအပ်ရာတွင် နေအိမ် ၂၄ လုံးရေကြီး နစ်မြုပ်ခံခဲ့ရသော ပြည်သူ(၁ဝ၄)ဦးတို့ကို တစ်ကိုယ်ရည်သုံးပစ္စည်း (Hygiene Parcel) တစ်အိမ်ထောင်လျှင် တစ်ဘူးနှုန်းဖြင့် ၎င်းတို့လက်ဝယ် အရောက် လင်းခေးမြို့နယ် ကြက်ခြေနီအသင်းခွဲ နာယက၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သန်းဇော်၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲ ဥက္ကဋ္ဌ၊ ဦးမြစိုးလှိုင်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး စိုင်းသိန်းဇော်ဦးတို့က ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ကိုယ်စား သွားရောက်ပေးအပ်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး၏ ပြောကြားချက်အရ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)