ဥတ္တရသီရိ ဩဂုတ် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပိုးစာတောကျေးရွာနှင့် သဲကျွန်းကျေးရွာ အတွင်းရှိဒေသခံ ပြည်သူများ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဥတ္တရသီရိမြို့နယ်ဦးစီးမှူးရုံးက သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား များအား ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဥတ္တရသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဦးလှမြင့် နှင့် ဝန်ထမ်းများက အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ထားခြင်း မရှိသေးသည့် ပိုးစာတော ကျေးရွာအတွင်းရှိ ပြည်သူ(၆၅)ဦးအားလည်းကောင်း၊ ဒု-လဝကမှူး ဒေါ်တင်ဝါဝါကြိုင်နှင့် ဝန်ထမ်းများက သဲကျွန်းကျေးရွာအတွင်းရှိပြည်သူ (၁၉၂) ဦးအားလည်းကောင်း စုစုပေါင်း (၂၅၇)ဦးအား ဆောင်ရွက် ပေးခဲ့ကြပြီး ကျန်ရှိ သည့်ရပ်ကွက်/ ကျေးရွာ များကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)