ကျောက်ထု ဩဂုတ် ၂၆
၂၀၂၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့တွင် မဲဆန္ဒရှင်စာရင်းစစ်ဆေးလျက်ရှိရာ ကျောက်ထု မြို့ ဂုံဘိုရပ်ကွက်ရှိ မဲဆန္ဒရှင်စာရင်းအဖွဲ့ကော်မတီဝင် ဦးကျော်မိုး ဦးဆောင်သည့်အဖွဲ့က မဲစာ ရင်း မှန်ကန်မှုရှိမရှိ ဂုံဘိုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့က ဆန္ဒမဲအမည်စာရင်းများ စစ်ဆေး ကြသည်။
ထိုသို့စစ်ဆေးကြရာတွင် မှတ်ပုံတင်ကတ်ပြားမရှိသူများ အမည်မှားယွင်းသူများ စသည်အတွက် ပြင်ဆင်ရန်ပုံစံ (၃)(က) ပုံစံ(၄) ပုံစံ(၄)(ဂ) တို့ကိုတပါတည်း ဖြည့်စွက်၍ အမည်စာရင်း မပါရှိသူများ မှတ်ပုံတင်လွဲမှားနေသူများကိုပြင်ဆင်ပေးခဲ့ကြသည်။ ဂုံဘိုရပ်ကွက်တွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၀၆၆) ဦးရှိကြောင်း သိရသည်။
မောဟေမာန်(ပြန်/ဆက်)