ဆော သြဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီ သိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းနည်းလမ်းများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆွေးနွေး ပို့ချခဲ့ ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပို့ချရာတွင် ဆောမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးစံဝင်း၊ ဒုမြို့နယ်တပ်ဖွဲ့မှူး ဦးသီဟ ဦးဆောင်သော တပ်ဖွဲ့ဝင်(၃)ဦးတို့သည် မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် လူထုအခြေပြုစီမံကိန်းဝန်ထမ်း ၅၀ ဦး တို့အား ကြက်ခြေနီ အကြောင်း သိကောင်းစရာများနှင့် ရှေးဦးပြုစုခြင်း သင်ခန်းစာများကို တစ်ကြိမ်လျှင် ၂၅ ဦးဖြင့် နှစ်ကြိမ်ခွဲ၍ စာတွေ့လက်တွေ့ ပို့ချပေးခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)