မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
မကွေးတိုင်းဒေသကြီးပေါက်မြို့နယ်၌၂၀၂၀ ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်၂၅ရက် ညနေပိုင်းက မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန ရွှေပေါက်ပင် ခန်းမ၌ ကျင်းပသည်။