ထီးချိုင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သော မြစိမ်းရောင် စီမံကိန်း (စတုတ္ထ) နှစ် စက်၀န်းအတွက် ချေးငွေထုတ်ချေး

ထီးချိုင့် ဩဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့သော မြစိမ်းရောင်စီမံကိန်း (စတုတ္ထ) နှစ် စက်ဝန်းအတွက် ထုတ်ချေးပေးမှုအား ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ပျဉ်းစုကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင်  ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်အေးမွန်ထက်မှ တောင်သူများ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့်  ရန်ပုံငွေများ သုံးစွဲမှုနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပျဉ်းစုကျေးရွာ မြစိမ်းရောင်စီမံကိန်း‌ ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်း (၂) မျိုး၊ အသင်းသား ၁၇၅ ဦးတို့အား ချေးငွေ (၄၆၄ ) သိန်းအား ထုတ်ချေးပေးမှုအပေါ်  မြို့နယ်ကျေးလက်ဦးစီးဌာနမှ ဒေါ်အေးမွန်ထက် (လက်ထောက် ညွှန်ကြားရေးမှူး) ဦးဆောင်သော ဝန်ထမ်းများအဖွဲ့မှ လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရပါသည်။

ရဲလင်းထွန်း ထီးချိုင့်