မြစ်ကြီးနား ဩဂုတ် ၂၆
ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းများကို နေ့စဉ် နံနက် ၇ နာရီတွင် လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ လေ့ကျင့်သင်ကြားရာတွင် ပြည်နယ်အတွင်း မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်နှင့် အခြား အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ပိုမိုထိရောက်စွာ ကူညီကယ်ဆယ် နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး အကူအဖွဲ့အား ရှာဖွေကယ်ဆယ်ရေး ပညာရပ်မှ BA Set (အသက်ရူကိရိယာ) တစ်နည်းအားဖြင့် မီးလောင်ပြင်တွင် မီးခိုးများပြီး ဝင်မရသောနေရာများ၌ အသုံးပြုရသော စက်အား အသုံးပြုပုံများကို နည်းပြဆရာများက လက်တွေ့သင်ကြားပေးလျက်ရှိသည်။
အဆိုပါ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းများကို နေ့စဉ်လေ့ကျင့်သင်ကြားပေး လျက်ရှိပြီး ပြည်နယ်အတွင်းရှိ မြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များ သင်ကြားလျက်ရှိကြောင်း ပြည်နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။
စိန်ဝင်း(ပြန်/ဆက်)