တာချီလိတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် COVID-19 ရောဂါကာကွယ်ရေး အသိပညာပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်း ပေးလာသော မြန်မာနိုင်ငံသားများကို Quarantine ဝင်ထားရှိသော ကန့်သတ်စောင့်ကြည့်ရေးစခန်း၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ COVID-19 ကူးစက်ရောဂါ အကြောင်း အသိပညာပေးလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ကမာရွတ်မြို့နယ်၌ သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပြုလုပ်၍ အဘိတ်ဆေးခတ် ခြင်းများ ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ရပ်ကွက်နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပြုလုပ်၍ အဘိတ်ဆေးခတ် ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် က အမှတ်(၇)ရပ်ကွက်အတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း (၆) ခုဖွင့်လှစ်ထားရှိ

ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၆၉ စင်တီမီတာကျော်လွန်မြင့်တက်လာမှုကြောင့် ရေဘေး ကယ်ဆယ်ရေးစခန်း (၆) ခု ယာယီ ဖွင့်လှစ်ထားရှိပြီး ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်ထိ ရေဘေးသင့်ပြည်သူ (၁၅၂၅) ဦးအား ပြောင်းရွှေ့နေရာချထား ပေးလျက်ရှိကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပြုလုပ်ပေး

ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအား အဆင်ပြေစွာမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့၊ နံနက်ပိုင်းက နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဇလွန်မြို့နယ်တွင် ငါးရိက္ခာဖူလုံစေရေးအတွက် စပါးခင်းအတွင်း ငါးသားပေါက်အကောင်ရေ (၁၀၀၀၀၀) စိုက်ထည့်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ငါးရိက္ခာဖူလုံစေရေးအတွက် စပါးခင်းအတွင်း ငါးသားပေါက် အကောင်ရေ (၁၀၀၀၀၀) စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် တောင်ပို့တစ်ရာ ကျေးရွာအုပ်စုအတွင်းရှိ စပါးခင်းဧက (၂၀၀)အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ ပြုလုပ်ခဲ့သည်။

ကျောက်တံတားမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်​စေ​ရေး​ ​​​​မြေပြင်ကွင်းဆင်းစစ်​​ဆေး​ဆောင်ရွက်

၂၀၂၀ပြည့်နှစ် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်​စေ​ရေးအတွက် ​ကျောက်တံတားမြို့နယ် ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် မိမိတို့တာဝန်ကျရာ ရပ်ကွက်များ အတွင်းသို့ ကွင်းဆင်းကာ ရပ်ကွက်​ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်း​​ရေးမှူးများနှင့် ပူးပေါင်း၍ ​အိမ်တိုင်ရာ​ရောက် ကွင်းဆင်း​စစ်​​ဆေးခြင်းကို ယမန်နေ့မှ စတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက်​ ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်ဘုရားလမ်းနှင့် လမ်းမတော်ဘူတာကြားရှိ မြေစာပုံများ စနစ်တကျ သယ်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်အတွင်း ဘုရားလမ်းနှင့် လမ်းမတော်ဘူတာကြားရှိ ရထားလမ်းပိုင်း ရေမြောင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ထွက်ရှိလာသည့် မြေစာပုံများ စနစ်တကျ သယ်ယူနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်၁၀နာရီက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံးခန်းမ၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောမင်းသန်း၊ ရပ်ကွက်ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ တက်ရောက်ကြောင်း သိရသည်။

ကြံခင်းမြို့နယ် ဆိပ်သာကျေးရွာအုပ်စုတွင် မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ကျွဲ၊ နွား မွေးမြူထုတ်လုပ်ရေး သင်တန်းဖွင့်လှစ်ပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်ဒေသနေ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးစေရန်၊ မွေးမြူရေး အသိပညာ ရရှိစေရန်ရည်ရွယ်ပြီး (CERP)စီမံချက်အရ ကျွဲ၊ နွား မွေးမြူရေး သင်တန်းကို ဩဂုတ်လ(၂၄)ရက်နေ့မှ ယနေ့အထိ ကြံခင်းမြို့နယ် ဆိပ်သာကျေးရွာအုပ်စု မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ဖွင့်လှစ်ပို့ချ လျက်ရှိကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်း၏ မြတ်သီရိခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to