ဝေါလေမြိုင် ဩဂုတ် ၂၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာ သော အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဝေါလေမြိုင်မြို့အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီနှင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူ များက အမှတ်(၁)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းအဖြစ် တတိယအကြိမ်တွင် ၁၀၈ ဦးနှင့် စတုတ္ထအကြိမ်တွင် ၁၂၇ ဦးတို့အား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေါလေမြိုင်မြို့၊ ရပ်ကွက်/ကျေးရွာများအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအဖြစ် တတိယအကြိမ်တွင် ၁၉၇ ဦးနှင့် စတုတ္ထအကြိမ်တွင် ၂၀၀ ဦးအတွက် စုစုပေါင်းငွေကျပ် ၁၇,၁၇၅,၀၀၀ ကျပ်အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ထောက်ပံ့ငွေများပေးအပ်ရန်ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများ ကိုလည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)