မြိုင် ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ များနှင့် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့တို့ပူးပေါင်း၍ ရောဂါကာကွယ် တားဆီး နိုင်ရေးအတွက် နေရပ်ပြန် နှင့် ခရီး သွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း ကို ယနေ့ နံနက် ၄ နာရီကစတင်ကာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်စဉ် နေရပ်သို့ ပြန်လည်ရောက်ရှိလာကြသူများနှင့် ခရီးသွားပြည်သူများအား ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် တိုင်းတာပေးခြင်း များ ဆောင်ရွက်၍ တတ်နိုင်သမျှ အိမ်တွင် နေကြရန်၊ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ မသွားကြပါရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေ အကွာမှသာ ပြောဆိုဆက်ဆံကြပါရန်၊ အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း (Mask)ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်၊အပြင်မှ ပြန်လာပါက လက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင်ဆေးကြောရန် အသိပညာများပေးခဲ့ပြီးမြို့တွင်းသို့ ဝင်ရောက်ဖြတ်သန်းသွားလာသော ခရီးသည်တင် မော်တော်ယာဉ်များကို ဩဂုတ်လ ၂၆ ရက်နေ့မှ စတင်၍ ကျန်းမာရေး စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။
သူရ(ပုံတောင်)