လွိုင်ကော်မြို့၌ Mask တပ်ဆင်ခြင်း မရှိသူ (၈၀) ဦးအား Mask (၂)ခုကို ငွေကျပ်(၁၀၀ဝိ/-) ဖြင့် ဝယ်ယူ၍ ချက်ချင်းတပ်ဆင်ရန် ကြီးကြပ်ဆောင်ရွက်

လွိုင်ကော်  ဩဂုတ် ၂၆

ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လမ်းသွားလမ်းလာ၊ လူထူထပ် သည့် နေရာများတွင် Mask တပ်ဆင်ခြင်း အလေ့အထရှိခြင်းကြောင့် ကူးစက်ရောဂါများ ကြိုတင် ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် Mask များ တပ်ဆင် စေခြင်းကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေး ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်း များ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး မဖြစ်မနေ Mask တပ်ဆင်ရေး လှုပ်ရှားမှုအနေဖြင့် ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ ပြည်သူများ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသည့် ပြည်သူ (၈၀) ဦးအား အရေးယူဆောင်ရွက်သည့်အနေဖြင့် Mask နှစ်ခုကို ငွေကျပ်(၁၀၀ဝိ/-)ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေ ခဲ့ကြောင်း သိရှိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)