ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရွေ့လျားစာကြည့်တိုက် အတွက် ဂျပန် ဘာသာပြန် ပုံပြင်စာအုပ်များလာရောက်လှူဒါန်း

ထန်းတပင်   (ပဲခူး)  ဩဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး ပြည်သူ့ စာကြည့်တိုက်သို့ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်ဆောင်ရွက်ရာတွင် ငှားရမ်း ပေးမည့် စာအုပ်များကို ဂျပန်နိုင်ငံ (Shanti   Volunteer  Association)  ရှန်တီ စေတနာ့ ဝန်ထမ်းအဖွဲ့(SVA) မှပံ့ပိုးပေးလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင်  ဂျပန် ဘာသာပြန် ပုံပြင်စာအုပ် ( ၃၄၆)  အုပ်အားလာရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါ စာအုပ်များကို ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့(SVA)မှ တောင်ငူခရိုင် တာဝန်ခံ ဒေါ်လွင်လွင်မာက ပေးအပ်ပြီး မြို့နယ် ဦးစီးမှူး ဒေါ်သဇင်နှင့်စာကြည့်တိုက်မှူး ဒေါ်တင်အိအိဝင်းတို့က လက်ခံရယူကာ ကွင်းဆင်းဆောင်ရွက်မည့် စာသင် ကျောင်းများ အခြေအနေနှင့်  လုပ်ငန်းအားနည်းချက် အားသားချက် များ ၊အတွေ့အကြုံများအား ဆွေးနွေးခဲ့ကြသည်။

ယခင်က ရွေ့လျားစာကြည့်တိုက်များကို ထန်းတပင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း များသို့ တစ်လလျှင် ( ၅ ) ကျောင်း ကွင်းဆင်း ဆောင်ရွက်၍ ဂျပန်ဘာသာပြန် ပုံပြင်စာအုပ် များအား ကျောင်းသား/သူများဖတ်ရှုနိုင်ရန် ဆောင်ရွက် ပေး လျက်ရှိပြီး အဆိုပါလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာအတွင်း ရပ်နားထားရာ ကျောင်းများပြန်ဖွင့်ချိန် စာငှား လုပ်ငန်းများ ပြန်လည် စတင်နိုင်ရန်အတွက် စာအုပ်အသစ်များ ထပ်မံဖြည့်ဆည်း လှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)