ကလေးဝမြို့၌ ပါးစပ်နှာခေါင်းစည်း Mask များ၊ လက်သန့်ဆေးရည်နှင့် ဆေးပစ္စည်းများ ဈေးမြှင့် ရောင်းချမှု ရှိ/မရှိ လိုက်လံ စစ်ဆေး

ကလေးဝ ဩဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား ပါးစပ် နှာခေါင်းစည်း Mask များ၊ လက်သန့်ဆေးရည်နှင့် ဆေးပစ္စည်းများ ဈေးမြှင့်ရောင်းချမှု ရှိ/မရှိ ရှောင် တခင်စစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီခွဲက ပြုလုပ်ခဲ့သည်။

ကလေးဝမြို့ပေါ်ရှိ ဆေးပစ္စည်း အရောင်းဆိုင် ၄ ဆိုင်အား ပါးစပ်နှာခေါင်းစည်း Mask များ၊ လက်သန့်ဆေးရည်နှင့် ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး အတွက် မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပါဝင်ပူးပေါင်းအဖွဲ့က လိုက်လံစစ်ဆေး ခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းခြင်းကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အရ အရေးယူခံရမည်ဖြစ်ကြောင်း ဆေးပစ္စည်းအရောင်းဆိုင်များအား အသိပညာပေးဆွေးနွေးခဲ့ ကြောင်းသိရသည်။

သက်ဟန်(ကလေးဝ)