ကမာရွတ်မြို့နယ်၌ သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပြုလုပ်၍ အဘိတ်ဆေးခတ် ခြင်းများ ဆောင်ရွက်

ကမာရွတ် ဩဂုတ် ၂၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ရပ်ကွက်နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကင်းဝေးစေရန် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပြုလုပ်၍ အဘိတ်ဆေးခတ် ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် က အမှတ်(၇)ရပ်ကွက်အတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးရာသီကာလအတွင်း ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်ပွားစေရန်နှင့် ကျန်းမာရေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များ၌ ပုံမှန် အသုံးပြု လေ့ရှိသော ဘုရားညောင်ရေအိုး၊ သောက်တော် ရေအိုး၊ ဘုရားပန်းအိုး၊ ရေလှောင်ကန်၊ ရေစင်၊ တာယာ အဟောင်းများ၊ ရေစည်ရေအိုးစသည့် ပိုးလောက်လမ်းပေါက်ပွားနိုင်သည့် နေရာများကို ကြည်ရှုစစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပြုလုပ်၍ အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာနမှ ဒေါက်တာ သင်းသင်းနိုင်နှင့် ဝန်ထမ်းများ၊မြို့နယ်အ မျိုးသမီး ရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ခင်လှနှင့် အဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့များ ၊မြို့နယ်စည်ပင်သာယာ ရေးကော်မတီဝင် များနှင့် အမှတ်(၇)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

စိမ်းလဲ့(ပြန်/ဆက်)