ကြည့်မြင်တိုင် ဩဂုတ် ၂၆
ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ သာဓုအနောက်ရပ်ကွက် နတ်စင်လမ်း မြစ်ထွက်ပေါက် မြေအောက်ရေမြောင်း၊ ရေထုတ်ပြွန် ရေစီးဆင်းနေမှု အခြေအ နေအား ကြည့်ရှုခြင်းနှင့် နတ်စင်လမ်း ဝဲ ယာရေမြောင်းများအတွင်း အမှိုက်နှုန်းများ ဆယ်ယူရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ရေစီးရေလာလုပ်ငန်းအဖွဲ့ ရေစီးရေလာ၊ သန့်ရှင်းရေး ဌာနမှ လုပ်သားများဖြင့် ဆောင်ရွက်လျက်ရှိပြီး အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ရေစီးရေလာလုပ်ငန်းအဖွဲ့ တာဝန်ခံနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ပေါင်းစပ်ညှိနှိုင်း၍ အမှိုက်နှုန်းများ ဆယ်ယူ ရှင်းလင်းခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)