ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်ဘုရားလမ်းနှင့် လမ်းမတော်ဘူတာကြားရှိ မြေစာပုံများ စနစ်တကျ သယ်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ဒဂုံ ဩဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်အတွင်း ဘုရားလမ်းနှင့် လမ်းမတော်ဘူတာကြားရှိ ရထားလမ်းပိုင်း ရေမြောင်း လုပ်ငန်း ဆောင်ရွက်ရာတွင်  ထွက်ရှိလာသည့်  မြေစာပုံများ စနစ်တကျ သယ်ယူနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံးခန်းမ၌ ဆောင်ရွက်ခဲ့ရာ  ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောမင်းသန်း၊ ရပ်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ တက်ရောက်ကြောင်း သိရသည်။

ညှိနှိုင်း အစည်းအဝေးတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်လှိုင်ဇေယျာက ဦးဝိစာရအိမ်ရာဝင်းအနီးရှိ ဘုရားလမ်းနှင့် လမ်းမတော်ဘူတာကြားရှိ ရထားလမ်းပိုင်း ရေမြောင်းလုပ်ငန်း ဆောင်ရွက်ရာမှ ထွက်ရှိလာသည့် မြေစာများအား မော်တော်ယာဉ်ဖြင့် စနစ်တကျ သယ်ယူနိုင်ရေးအသေးစိတ်ဆွေးနွေးပေးပြီး တက်ရောက်လာသော ရပ်ကွက်အဖွဲ့ဝင်များက  လိုအပ် သည် များ ထပ်မံဖြည့်စွက် တင်ပြကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)