ကျောက်တံတားမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်​စေ​ရေး​ ​​​​မြေပြင်ကွင်းဆင်းစစ်​​ဆေး​ဆောင်ရွက်

​ကျောက်တံတား သြဂုတ်၂၆

၂၀၂၀ပြည့်နှစ် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်​စေ​ရေးအတွက် ​ကျောက်တံတားမြို့နယ် ရွေး​ကောက်ပွဲ​ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် မိမိတို့တာဝန်ကျရာ ရပ်ကွက်များ အတွင်းသို့ ကွင်းဆင်းကာ ရပ်ကွက်​ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်း​​ရေးမှူးများနှင့် ပူးပေါင်း၍ ​အိမ်တိုင်ရာ​ရောက် ကွင်းဆင်း​စစ်​​ဆေးခြင်းကို ယမန်နေ့မှ စတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက်​ ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

​ထိုသို့​ ဆောင်ရွက်ရာတွင်  ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) ရပ်ကွက်တွင် တာဝန်ကျ  မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် များသည် ရပ်ကွက်​ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်း​ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရာအိမ်မှူးများနှင့်​ ပူး​​ပေါင်းကာ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်း၊ မဲရုံအလိုက် အ​ခြေပြ တိုက်​မြေပုံများရှိ စာရင်းများကို စစ်​ဆေးခြင်း၊ ​​မြေပြင်ရှိ အမှန်တကယ် မဲစာရင်းတွင် ပါဝင်သင့်သူများ​​မဲဆန္ဒရှင် စာရင်းတွင် ပါရှိမှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်​ဆေးခဲ့ပြီး ရပ်ကွက်အတွင်းရှိ လမ်းများအလိုက် ဆက်လက်စစ်​ဆေး​ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေနန်း​မေ