ရွာငံမြို့နယ်တွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ် ရေးအတွက် Mask များတပ်ဆင်အသုံးပြုရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ရွာငံ ဈေးနေ့တွင် ဈေးရောင်း/ဈေးဝယ်၊ ဈေးသွား/ဈေးလာ ပြည်သူများအား Mask များ တပ်ဆင် အသုံးပြုနိုင်ရန် ပညာပေးလုပ်ငန်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ရွာငံမြို့နယ်တွင် ယနေ့ နံနက် ၇ နာရီက မြို့ဦးမင်္ဂလာကျောင်းကြီးရှေ့ ပြည်သာယာလမ်းပေါ် နှင့် ရွာငံမြို့မဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

စစ်တွေမြို့နယ်မှ ရေနံချောင်းမြို့နယ်သို့ ပြန်လာသူများအား ရေနံချောင်းဒီဂရီ ကောလိပ် Quarantine Centre တွင်ထားရှိထား

ရေနံချောင်းမြို့နယ်၌ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ပြန်လာသူ အမျိုးသား ၉ ဦးအား ကနဦးကျန်းမာ ရေးစစ်ဆေးမှုများပြုလုပ်ပြီး ရေနံချောင်းဒီဂရီကောလိပ် Community Base Facility Quarantine Centre တွင် ထားရှိထားကြောင်း မြို့နယ်ကိုဗစ်-၁၉ ကော်မတီမှ သိရ သည်။

သံဖြူဇရပ်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများကို မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန သထုံခရိုင် ငါးသားပေါက်စခန်းမှ (CERP) ၏ Action Plan (ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်) အရ ယနေ့ နံနက် ၉ နာရီက သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာ ဦးကာတွန်း၏ ငါးမွေးကန်၌ ငါးသား ပေါက်များ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ သည်။

ကော့မှူးမြို့နယ်တွင် လူကုန်ကူးမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဗဟိုစာကြည့်တိုက်သို့ စာအုပ် စောင်လာရောက်ငှားရမ်းသော ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိ စေရန် ရည်ရွယ်၍ ယနေ့ နံနက်က လူကုန်ကူးမှုနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အသိပညာ ပေးနံရံကပ်ပြဘုတ်များဖြင့် ပြသပေးထား ကြောင်း သိရသည်။

မိုင်းယုမြို့၌ မိုးစပါးမျိုးသန့် (အထူးအထွက်တိုး)စံပြကွက် စိုက်ခင်းအတွင်း မျိုးကွဲနုတ်ပယ်ခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးမျိုးသန့်စံပြကွက် ဆင်းဧကရီ-၃ မိုးစပါး (အထူးအထွက်တိုး)စံပြကွက် တောင်သူ ဦးထိန်းလင်း၏ လယ်မြေ ကွင်းအမှတ်(၆၅)ရှိ လယ်(၃)ဧကတွင် စိုက်ခင်းအတွင်းမျိုးကွဲများ နှုတ်ပယ်ခြင်းကို ယနေ့ ကွင်းဆင်းစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ပလမြို့ အမှတ် (၂) ရပ်ကွက် မီးဘေးသင့်နေအိမ်အား ငွေနှင့်အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ပုလောမြို့နယ် ပလမြို့ အမှတ် (၂) ရပ်ကွက်တွင် သြဂုတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်ပွား၍ သဘာ၀ဘေးသင့်ခဲ့သော အိမ်ထောင်စုတစ်စုကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပုလောမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ကူညီမှုလုပ်ငန်းကို သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူ (Book Club)အဖွဲ့ဝင်များ စာဖတ်ဝိုင်း ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအ ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ စုပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက် ၆ လမှ ၅ နှစ်အရွယ် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက် ၆ လမှ ၅ နှစ်အရွယ် ကလေးငယ်များအား အာဟာရ ရက်သတ္တပတ် လှုပ်ရှား မှုအဖြစ် ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ဩဂုတ် ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုး၊ ဆေးတိုက် စုရပ်များတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုက်မ​​ရော၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာ​ခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်​​ဆေး​ဆောင်ရွက်

မွန်ပြည်နယ်၊ကျိုက်မ​ရော မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်​နိုင်​ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာ​ခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိစစ်​ဆေး ​ ဆောင်ရွက်ခြင်းနှင့် နှာ​ခေါင်းစည်းများ အခမဲ့ ဖြန့်​ဝေ​ပေးခြင်းကို ယ​နေ့နံနက် ၉ နာရီ က လူစည်ကားရာ​နေရာဖြစ်သည့် ကျိုက်မ​ရော-ကျွန်းရွာ ကားလမ်းဆုံ၌ ပြုလုပ်ခဲ့သည်။
Subscribe to