ပန်းဘဲတန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပြုလုပ်ပေး

ပန်းဘဲတန်း ဩဂုတ် ၂၆

ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများအား အဆင်ပြေစွာမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား အမှတ်(၁) ရပ်ကွက် အုပ်ချုပ် ရေးမှူး ရုံးတွင် ယမန်နေ့၊ နံနက်ပိုင်းက နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရ သည်။

ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲမှာ မဲစာရင်းတွင် ပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ ကွက်လပ်ဖြစ်နေသူများ အား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိဘဲ မဲကွက်လပ်ဖြစ်နေသူ (၇၆)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ ပြန်လည် ဖြည့်သွင်းခြင်း၊ ကိုင်ဆောင်လက်မှတ်မရှိသူ(၁၀)ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ ကျန်ရှိနေသော ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက် ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပန်းဘဲတန်းမြို့နယ် ဦးစီးမှူး ဦးဇော်မင်းထံမှ သိရှိရ သည်။

နေခြည်(ပြန်/ဆက်)