ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း (၆) ခုဖွင့်လှစ်ထားရှိ

ဘားအံ ဩဂုတ် ၂၆

ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၆၉ စင်တီမီတာကျော်လွန်မြင့်တက်လာမှုကြောင့် ရေဘေး ကယ်ဆယ်ရေးစခန်း (၆) ခု ယာယီ ဖွင့်လှစ်ထားရှိပြီး ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်ထိ ရေဘေးသင့်ပြည်သူ (၁၅၂၅) ဦးအား ပြောင်းရွှေ့နေရာချထား ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖြစ်သည့် ရွှေရင်မျှော်စခန်းတွင် အိမ်ထောင်စု (၉၀)စု လူဦးရေ (၄၈၁)ဦး၊ လေသာဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု(၈)စု လူဦးရေ (၃၈)ဦး၊ မိုးလုံလေလုံ အားကစားရုံတွင် အိမ်ထောင်စု (၇၇)စု လူဦးရေ(၃၅၆)ဦး၊ Cyclone Shelter တွင် အိမ်ထောင်စု (၇၉)စု လူဦးရေ (၃၄၀)ဦး၊ အ-မ-က(၈)တွင် အိမ်ထောင်စု (၂၅)စု လူဦးရေ (၁၁၅) ဦး၊ မူလွန်(၃)ကျောင်းတွင် အိမ်ထောင်စု (၄၂)စု လူဦးရေ(၁၉၅) ဦး စုစုပေါင်း အိမ်ထောင်စု (၃၂၁)စု၊ လူဦးရေ( ၁၅၂၅)ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

၎င်းယာယီရေဘေးကယ်ဆယ်ရေးစခန်း (၆) ခုတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်နိုင်ရေး မြို့နယ်/ ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲရေး အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

စိုးစိုးအေး