ဇလွန် သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ငါးရိက္ခာဖူလုံစေရေးအတွက် စပါးခင်းအတွင်း ငါးသားပေါက် အကောင်ရေ (၁၀၀၀၀၀) စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် တောင်ပို့တစ်ရာ ကျေးရွာအုပ်စုအတွင်းရှိ စပါးခင်းဧက (၂၀၀)အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးတင့်လွင်၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ဦးမင်းဇော်နှင့် တောင်သူများ တက်ရောက်ကြပြီး ငါးရိက္ခာ ဖူလုံစေရေး၊ ငါးစဉ်ဆက်မပြတ် ထုတ်လုပ် နိုင်ရေးအတွက် ငါးသယံဇာတ ထိန်းသိမ်းသည့် အနေဖြင့် စပါးခင်းအတွင်းသို့ ငါးခုံမကြီးသားပေါက် အကောင်ရေ (၁၀၀,၀၀၀) စိုက်ထည့်ခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)