သီပေါမြို့နယ်၌ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်ကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် ပညာပေးသင်တန်းဖွင့်လှစ်

သီပေါမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ ကိုဗစ်−၁၉ ကာလအတွင်း စီးပွားရေးအပေါ် ထိခိုက်မှု သက်သာစေရေး စီမံချက်အရ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (CERP) COVID-19 Economic Relief Plan အရ ဖွင့်လှစ်သော သိုး၊ ဆိတ်မွေးမြူထုတ်လုပ် သင်တန်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့ဟောင်းကျေးရွာတွင် ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဧရာသီရိသုခ ခန်းမတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ် ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများဖြင့် ပြုလုပ်ခဲ့သည်။

စေတုတ္တရာမြို့၌ အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်ရေး ကြပ်မတ်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယနေ့နံနက်(၇)နာရီအချိန်က မြို့နယ်စည်ပင်သာယာ ဈေးတွင် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask)တပ်ဆင်သွားလာစေရေး ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါ ပြန့်ပွားမှုမရှိစေရေး အသိပညာပေးလှုပ်ရှားမှု အရှိန်မြှင့်တင် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ပြည်သူများ ကျန်းမာရေးအသိဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ တပ်ဆင်အသုံးပြု သွား/လာရေးအတွက် အသိပညာပေး လှုပ်ရှားမှုများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ ယမန်နေ့ နံနက် ၁၁ နာရီက ရှုခင်းသာ ကားဝန်းရှေ့နှင့် ယုဇနလမ်းထောင့်တို့တွင် ပြုလုပ်ဆောင်ရွက် ခဲ့သည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ အောင်သီရိဈေးနှင့် ယာယီပျံကျဈေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် နှာခေါင်းစည်း Mask တပ်ဆင်ရန်စစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ အောင်သီရိ‌ဈေးအတွင်းနှင့် ယာယီပျံကျဈေး တို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် ဈေးလာ ရောက်ဝယ်သူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

သာယာဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိ ရာ ခရီးသွားပြည်သူများနှင့် အဝေးပြေးခရီးသည်တင်ယာဉ်များအား စစ်ဆေးဆောင်ရွက် ခြင်းနှင့် အသိ ပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြသည်။

ရေးမြို့နယ်တွင် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေး ကွင်းဆင်း စစ်ဆေး ခြင်းများကို ရေးမြို့နယ်၌ ဩဂုတ်လ(၁၈)ရက် နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (CERP) အစီအစဉ်အရ မှော်ဘီ−၂ စပါးမျိုးကွဲ နုတ်ပယ်ခြင်းနှင့် မျိုးစေ့ထုတ် လုပ်ငန်းစဉ်သင်တန်း ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (CERP) အစီအစဉ်အရ စိုက်ပျိုးရေး ဦးစီးဌာနမှ မှော်ဘီ−၂စပါး မျိုးကွဲနုတ်ပယ်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ဘက်စုံနည်ပညာသုံး စံပြ ကျေးရွာဖြစ်သည့် နားခဲကျေးရွာရှိ တောင်သူ ဦးစိုင်းသာညွန့်၏ ဆန်စက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့မစျေး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များဝေငှ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများနှာခေါင်းစည်း စနစ်တကျ

ဒဂုံမြို့နယ် အခွန်လွတ်ဈေးနှင့် ဒဂုံရိပ်သာဈေးတို့၌ အိုင်အိုဒင်းဆားစစ်ဆေးခြင်းနှင့်  အသိပညာ ပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ဘုရားကြီးရပ်ကွက် အခွန်လွတ်ဈေးနှင့် ဦးဝိစာရ ရပ်ကွက် ဒဂုံရိပ်သာဈေးတို့၌  လက်လီရောင်းချလျှက်ရှိသော  ကုန်စုံဆိုင်များရှိ 
Subscribe to