ငဖဲ ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများနှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်အတွက် ယနေ့နံနက် ၇ နာရီက ငဖဲမြို့မစျေးတွင် စျေးရောင်း စျေးဝယ် ပြည်သူများအား နှာခေါင်းစည်း(Mask) များကို အခမဲ့ဝေငှပေးခဲ့သည်။
အဆိုပါ နှာခေါင်းစည်း (Mask) များကို ငဖဲမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူးဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ အဖွဲ့ဝင်များက စျေးရောင်း ချနေသူများ၊ စျေးဝယ်လာသူများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို ကိုယ်တိုင်တပ်ဆင်ပေး၍ အခမဲ့ဝေငှ ပေးခဲ့ပြီး အိမ်အပြင်ထွက်တိုင်း နှာခေါင်း စည်း (Mask)များ တပ်ဆင်သွားလာကြရန် အသိပညာပေး တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)