သာယာဝတီ ဩဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိ ရာ ခရီးသွားပြည်သူများနှင့် အဝေးပြေးခရီးသည် တင် ယာဉ်များအား စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိ ပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြသည်။
သာယာဝတီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်း ၍ ခရီးသွား ပြည်သူများနှင့် မော်တော်ယာဉ်များအား ရပ်တန့်၍ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် မေးမြန်း မှတ်သားခြင်း၊ နှာခေါင်း စည်းများ စနစ်တကျ တပ်ဆင်သွား လာရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင် များ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ဇော်(ခရိုင်ပြန်/ဆက်)