ဒဂုံ ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ဘုရားကြီးရပ်ကွက် အခွန်လွတ်ဈေးနှင့် ဦးဝိစာရ ရပ်ကွက် ဒဂုံရိပ်သာဈေး တို့၌ လက်လီရောင်းချလျှက်ရှိသော ကုန်စုံဆိုင်များရှိ ဆားများတွင် အိုင်အိုဒင်း ဓါတ်ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို ယနေ့နံနက်(၈)နာရီမှ စတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာရွှေပြည် ဦးဆောင်သော ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတာဝန်ရှိသူများ ပူးပေါင်း၍ အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှု အဖြစ် စစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးဆောင်ရွက်ခြင်းဖြင့် နေ့စဉ်ပြည်သူများ စားသုံးနေသည့်ဆားများတွင် အိုင်အိုဒင်း ဓါတ်ပါဝင်ရန် လိုအပ် ကြောင်း၊ အိုင်အိုဒင်းဓါတ်ချို့တဲ့သူ လည်ပင်းကြီးရောဂါ ဖြစ်ပွား နိုင်ကြောင်း၊ ဈေးဆိုင်များ၌ ရောင်းချရာတွင် အစိုဓါတ် ပြန်သော နေရာများ၊ နေရောင်ခြည် တိုက်ရိုက် ထိတွေ့သောနေရာထားရှိရန် မသင့်ကြောင်းတို့ကို ရှင်းလင်းပေးပြီး ဈေးဝယ်သူ များနှင့် လက်လီအရောင်းဆိုင်များအား အိုင်အိုဒင်းဆားသုံးစွဲခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများ သိရှိစေရန် ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေး ကြောင်းသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)