စေတုတ္တရာမြို့၌ အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်ရေး ကြပ်မတ်စစ်ဆေး

စေတုတ္တရာ      ဩဂုတ်   ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ယနေ့နံနက် (၇) နာရီအချိန်က မြို့နယ်စည်ပင်သာယာ ဈေးတွင် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask)တပ်ဆင်သွားလာစေရေး ကြတ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကြတ်မတ်စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်းရေး ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ဈေးရောင်းဈေးဝယ် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင် ကာကွယ် နိုင်ရေးအတွက်  မြို့နယ်စည်ပင်သာယာဈေးအတွင်း ဈေးရောင်းဈေးဝယ် ပြုလုပ်ရာတွင် နှာခေါင်းစည်းများ တပ်ဆင်ရန် နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီက သတ်မှတ် ထားသော နေရာများ၌သာ ဈေးရောင်းချရေးတို့ကို ကြတ်မတ် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြတ်မတ်စစ်ဆေးမှုကို   မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဇော်မင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူစိန်နှင့် ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အမှုဆောင်အရာရှိ ဦးသက်နိုင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)